CSS တည်ဆောက်ပုံ
ဒီအခန်းမှာတော့ CSS ရဲ့ တည်ဆောက်ပုံကို ရှင်းပြပါမယ်၊ အောက်မှာ CSS ရဲ့တည်ဆောက်ပုံပါ။
Selector {property:value;}
အထက်က တည်ဆောက်ပုံကို အစိတ်အပိုင်းနှစ်ပိုင်းခွဲလိုက်မယ်၊ Selector က တစ်ပိုင်း {property:value;} တို့က တစ်ပိုင်း၊ အခု ပထမအပိုင်းဖြစ်တဲ့
Selector ကိုရှင်းပြမယ်။
Selector
Select ဆိုတာက မှတ်တာပါ၊ Selector ဆိုတော့ မှတ်တဲ့သူပေါ့၊ ဘာတွေကိုမှတ်မှာလဲ ၊ CSS က HTML Document တွေကို
အလှဆင်ဖို့အတွက်သုံးမှာဆိုတော့ HTML Tags တွေကိုမှတ်ရပါမယ်၊ ဥပမာ အားဖြင့် အောက်က HTML စာကြောင်းကိုကြည့်ပါ။