Building(14), 4th Floor, ,
MICT Park, Hlaing, Yangon.

+95-9-954354445
info@myitedu4u.com

cssဒီသင်ခန်းစာမှာ CSS ကို အသုံးပြုပြီး သင့် ရဲ့ HTML Document နဲ့ တည်ဆောက်ထားတဲ့ ၀က်ဆိုက်စာမျက်နှာကို အရောင်စုံလင်စွာနဲ့ လှပဖို့အတွက်တော့ CSS နဲ့ အလှဆင်နိုင်ပါတယ်။

ဒီ့အပြင် မုန်းစရာကောင်းတဲ့ Table တွေကို ခွေပြီးတည်ဆောက်ထားတဲ့ HTML ၀က်ဆိုက်တွေ ထက် CSS ကို အဓိက သုံးပြီးတည်ဆောက်ထားတဲ့ ၀က်ဆိုက်တွေက ပြုပြင်ထိန်းသိမ်းရ အလွန်လွယ်ကူလှပါတယ်။

CSS ကိုအသုံးပြုပြီး ၀က်ဆိုက်စာမျက်နှာပေါင်းများစွာကို CSS စာမျက်နှာတစ်ခုထဲနဲ့ ထိန်းချုပ်ပြုပြင် လိုက်လို့ရပါတယ်၊ CSS ကိုမလေ့လာခင် HTML ဖြစ်စေ XHTML ဖြစ်စေ တစ်ခုခုကိုတော့လေ့လာထားပြီးဖို့လိုအပ်ပါတယ်။

CSS ရဲ့မူရင်းအဓိပ္ပါယ်ကတော့ Cascading Style Sheet ပါ၊ HTML နဲ့ တည်ဆောက်ထားတဲ့ ၀က်ဆိုက်စာမျက်နှာတွေအားလုံးကို သီသန့်ရေးထားတဲ့ CSS ဖိုင်တစ်ခုနဲ့ ချိတ်ဆက်ပြီး HTML စာမျက်နှတွေကိုအလှဆင်တယ်။ ဒီနေရာမှာ သုံးတဲ့ သီးသန့် ဆိုတာက CSS ကုတ်တွေခြည်းရေးပြီးသိမ်းထားတဲ့စာမျက်နှာမျိုးကို ဆိုလိုပါတယ်။

CSS Exercise(1) | CSS Exercise(2)