Building(14), 4th Floor, ,
MICT Park, Hlaing, Yangon.

+95-9-954354445
info@myitedu4u.com

Beginning


MyITEdu4u is founded by Ko Zenith Min in 2018, May 30. 

Purpose

  • To produce native Myanmar Language DVD Training.
  • To publish Myanmar IT Books for all IT Subjects.
  • To aid Myanmar Education Field
  • To train e-Learning habit by using internet

Forward


Computer Basic, DTP, Graphic Design, Video Editing, A+, Network+, Security+, Web Development, Programming Language, Computerized Accounting, Computerized Music, Hacking, Mobile Software & Hardware Repairing

Contact Us

  • MPT 09 253099813
  • Telenor 09 786 676788
  • Ooredoo 09 954354445

Web 

http://www.myitedu4u.com

 

MyITEdu4u ဆိုတာ
MyITEdu4u ဆိုတာ ......................... ရဲ့ အတိုကောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နည်းပညာလောကမှာ e-Learning ကဏ္ဍကို အဓိက ဦးဆောင် Developed လုပ်ကိုင်နေတဲ့ နည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။

 

MyITEdu4u ကို ဘယ်သူ တည်ထောင်ခဲ့တာလဲ?
MyITEdu4u သင်တန်းကို ၂၀၁၈ ခုနှစ်၊ မေလ(၃၀) ရက်နေ့တွင် ကိုဇာနည်မင်းမှ စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။

 

MyITEdu4u ရဲ့ရည်ရွယ်ချက်တွေက ဘာလဲ?
ကွန်ပျူတာနည်းပညာများကို အခြေခံမှစ၍ အဆင့်မြင့်ထိ ဆရာမလို၊ သင်တန်းတတ်စရာ မလိုဘဲ မိမိဖာသာ Self-Study ဖြင့် အလွယ်တကူ သင်ယူလေ့လာနိုင်စေရန် ရည်ရွယ်၍ စာအုပ်နဲ့ Myanmar Learning Video Training DVD ခွေများကို MyITEdu4u မှ စဉ်ဆက်မပျက် ဆက်လက် ရေးသား ထုတ်ဝေရန်။

 

ဘယ်သူတွေ လေ့လာသင်ယူသင့်သလဲ?
သင်တန်းတတ်ရောက်ရန် အချိန်မရှိသူများ၊ ကွန်ပျူတာပညာရပ်များကို Step by Step တစ်ဆင့်ချင်းစီ အသေးစိတ် လေ့လာချင်သူများ၊ ကွန်ပျူတာသင်တန်း ပြန်လည်ဖွင့်လှစ် သင်ကြားပို့ချလိုသူများ၊ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူများ၊ ကွန်ပျူတာနည်းပညာနှင့်ပတ်သက်၍ Thesis ကျမ်းပြုနေသူများ၊ နိုင်ငံတကာနည်းပညာ Certificate ဖြေဆိုချင်သူများ၊ မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ် MCPA မှ ကျင်းပသော စာမေးပွဲ ITPEC စာမေးပွဲ ဖြေဆိုချင်သူများ၊ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ နည်းပညာ အဓိကထား၍ လုပ်ငန်းလုပ်ကိုင်ချင်သူများ၊ နည်းပညာအခြေပြု စွန့်ဦးတီထွင် ဖြစ်ချင်သူများ အတွက် ရည်ရွယ်၍ နိုင်ငံတကာသင်ရိုးအတိုင်း စံနစ်တကျ မြန်မာလို ဗွီဒီယိုဖိုင်များဖြင့် သင်ကြားပို့ချ ပြသ ပေးထားခြင်း ဖြစ်ပါတယ်။

 

သင်ကြားပို့ချထားသော ကွန်ပျူတာနည်းပညာဘာသာရပ်တွေက ဘာလဲ?

Computer Basic Course အတွက် Word, Excel, PowerPoint, PageMaker, Computer Basic၊ DTP အတွက် InDesign၊ Graphic Design အတွက် Photoshop, Corel Draw၊ Video Editing သင်ခန်းစာများ၊ A+, Network+, Security+ စာအုပ်များ၊ Linux OS နည်းပညာများ၊ Window XP+Vista+7+8+10 များ တင်နည်း+အသုံးပြုနည်းများ၊ Network Server ထိုင်နည်းအမျိုးမျိုး (Web, ICS, NAT, Squid, Win Route, Ipcop, Smoothwall, Pfsense, AD, File, VPN, RIS)၊ ကွန်ပျူတာစာရင်းကိုင်နည်းပညာများ (Excel, MYOB, Peachtree)၊ Computer Virus, Hacking၊ Web Development (HTML, CSS, PHP)၊ Blogger, Wordpress, Joomla, Drupal များဖြင့် အလွယ်တကူ Website ဆွဲနည်းများ၊ မိုဘိုင်းဖုန်းနည်းပညာ စာအုပ်များ (Software + Hardware)၊ လက်တွေ့လုပ်ငန်းခွင်သုံ: After Effect, AutoCAD 2D, 3D, 3Dmax နည်းပညာ ပို့ချချက်များ၊ Programming ပို့ချချက်များ စသဖြင့် ကွန်ပျူတာမှာ မရှိမဖြစ် မသိမဖြစ် ဘာသာရပ်တိုင်းအား မြန်မာလို ရေးသားပို့ချ ဖြန့်ချိထားပါတယ်။

 

MyITEdu4u Online Training Center ဆိုတာ ဘာလဲ?
အင်တာနက်ရှိသည့် မည်သည့်နေရာဒေသကမဆို ကွန်ပျူတာ အသုံ:ချဘာသာရပ်ဆိုင်ရာ သင်တန်းများအား အင်တာနက် online ပေါ်မှလည်း အခမဲ့ သင်ကြားပို့ချပေးနေပါသည်။ Website လိပ်စာကတော့ http://www.myitedu4u.com ဖြစ်ပါတယ်။ 80% အောင်မှတ်ရသူများကိုသာ သက်ဆိုင်ရာဘာသာရပ် သင်တန်းအတွက် သင်ယူပြီးမြောက်ကြောင်းထောက်ခံချက်လက်မှတ် ထုတ်ပေးပါမည်။ Certificate လိုချင်ရင်တော့ Bank Account မှာ သက်ဆိုင်ရာတန်ဖိုးအလိုက် ငွေပေးသွင်းရပါမည်။

 

MyITEdu4u Product တွေကို ဘယ်လို ဝယ်ယူလေ့လာသင်ကြားရမှာလဲ?
MyITEdu4u မှ ရေးသားထုတ်ဝေ ဖြန့်ချိထားသော နည်းပညာစာအုပ်နှင့် DVD ခွေများကို ဘာသာရပ်တစ်ခုလျှင် 3,000 Ks (သုံ:ထောင်ကျပ်) ဖြင့် Software ဆိုင်၊ စာအုပ် စာပေဆိုင်များတွင် အလွယ်တကူ ဝယ်ယူလေ့လာနိုင်ပါသည်။ ထပ်မံပံ့ပိုးထားသော Exercise, Tutorial, Assignment, PowerPoint ဖိုင်များကို အခမဲ့ Free Download ဆွဲနိုင်ပါသည်။

 

MyITEdu4u ရဲ့ Product အားသာချက်တွေက ဘာလဲ?
ကွန်ပျူတာနည်းပညာစိတ်ဝင်စားသူအချင်းချင်း မြန်မာ Training DVD ခွေများရဲ့ ငွေကုန်ကြေးကျ သက်သာခြင်း၊ သင်တန်းမှာ ၂ လ ၃ လ သင်ကြားရမည့်ဘာသာရပ်များကို အလွန်ဆုံး ရက်သတ္တပတ် အချိန်ပေးလိုက်ရင် သင်ကြားတတ်မြောက်ခြင်း၊ ဘာသာရပ် များများ လေ့လာသင်ယူနိုင်ခြင်း၊ ကွန်ပျူတာ ပညာကို သူများကို ပြန်သင်ပေးတတ်ခြင်း၊ ကိုယ်တိုင်သင်ကြားပေးချိန် မရှိရင်တောင် ခွေဖွင့်ပေး နား ထောင်ခိုင်းပြီး ဗွီဒီယို တစ်ဖိုင်ပြီးတိုင်း သက်ဆိုင်ရာ လေ့ကျင့်ခန်းကို လိုက်လုပ်စေခြင်း။ မြိတ်၊ ထားဝယ် ကဲ့သို့သော တစ်ချို့နေရာဒေသများတွင် MyITEdu4u ထုတ် ခွေနဲ့စာအုပ်များကို တစ်မျိုးလျှင် ၄၅၀၀၀ (လေးသောင်းငါးထောင်) ဖြင့် ဝယ်ယူလေ့လာရကြောင်း သိရှိရပါသည်။ စာဖတ်သူ လက်ဝယ်အရောက် ဈေးမှာ ၃၀၀၀ ကျပ်ဖြစ်ပါသည်။ ဖြန့်ချိဆိုင်များအတွက် 20% လျော့ပေးထားပြီး ဖြစ်ပါတယ်။

 

MyITEdu4u ရဲ့ ဆောင်ပုဒ်က ဘယ်လိုလဲ?
Your Computer, Your Classroom

သင့်ရဲ့ ကွန်ပျူတာဟာ သင့်ရဲ့ စာသင်ခန်းပါပဲ။